အသက်လို

ရေး – စောခူဆဲ

ဆို  - စည်သူလွင်၊ ကဗျာဘွဲ့ မှူး

နေ့ ရော ညရော ရင်မော

သူပစ်သွားမှာ စိုးတယ်
ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ ယုံစမ်းပါကွာ
နေ့ လား ညလား ကိုယ်လွမ်း
ယုံပါ ချစ်သူလေးရယ်
ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ ယုံစမ်းပါကွာ
တစ်သက်လုံး ချစ်လို့ မဝနိုင်ပါဘူး တို့ တွေ ရင်ထဲမှာ ထပ်တူ
ထာဝရလမ်းမှာ အချစ်တွေ အမြဲရှိလိမ့်မယ် အကြင်နာဆုံးချစ်သူရယ်
တစ်သက်လုံး မကုန်တဲ့အချစ်များ ယုံကြည်ရအောင် ပေးပါ
(ဒီရင်ထဲမှာ မင်းကို အသက်လိုချစ်တာ ယုံစမ်းပါကွာ)

နှလုံးသားတစ်ထောင့်မှာ


ရေး – ဆောင်းဦးလှိုင်
ဆို  - ဆောင်းဦးလှိုင်၊ စည်သူလွင်၊ အဲလက်စ်
လွယ်မယ်ထင်လို့ လား သူပျော်မယ်ထင်ထားလား
အချိန်တန်တော့လည်း မင်းလိုမယ် စည်းစိမ်များ
လူတွေဟာခက်တယ် အချစ်ကိုခဏကိုးကွယ်
အချိန်လွန်ပါမှ မင်းငိုမှာစိုးတယ်
ကိုယ်ဟာသီချင်းပဲရေးနိုင်တာ သံစဉ်များကလွဲလို့  မချမ်းသာ
မင်းအတွက် ခဏတော့ ကိုယ်အသုံးကျမှာပါ
တကယ်တမ်းတော့ ဘဝဆိုတာ ရင်ခုန်ရုံနဲ့ ပြီးမှမပြီးတာ
တစ်ချိန်ချိန်တော့ မင်းနားလည်မှာပါ
နှလုံးသားတစ်ထောင့်မှာ တစ်သက်လုံးမင်းရှိမယ်
ဒါဆိုကျေနပ်ကွယ်/ကျေနပ်မလား ချစ်သူလေးရယ်
အိပ်မက်ကနိုးရင် တို့ အဝေးဆုံးဝေးမယ်
အချိန်လွန်ပါမှ မင်းငိုမှာစိုးတယ်

ဟေ့အချစ်

ရေး – ဝင်းမင်းထွေး

ဆို  - ဇော်ပိုင်
လက်ကလေးကို ဆုပ်ကိုင်ချင်တယ် ကိုယ်ရိုင်းနေမလားကွယ်
စိတ်ထဲမှာ ဖြစ်ချင်တာတွေ ကိုယ်မှားနေသလားကွယ်
တားဆီးလို့ မရနိုင်တော့ဘူး ဒါအပြစ်တစ်ခုလားကွယ်
မင်းလေးက သိနိုင်ပါ့မလား ကိုယ့်ရဲ့ စိတ်ကူးတွေ
အချစ်ရေ ကိုယ်တော့ချစ်ချင်လှပြီ ဟေ့ အချစ် အဝေးကအတွေးနဲ့ 
ဟစ်အော်ခေါ်မိတယ်
ဟေ့အချစ် မင်းရဲ့ အနားထိ ရောက်မယ်ထင်မိတယ်
ဘယ်တော့များ ဘယ်တော့မှများ ကိုယ်တို့ နှစ်ယောက် ချစ်နိုင်မယ်
ကိုယ်အချစ်ကို ဖစ်နိုင်ရင်လေ မင်းအတွက်ကို ပေးချင်တယ်
ဘဝလုံးကို အပ်နှံချင်တယ် မင်းလက်ခံမလားကွယ်
မင်းမချစ်လို့ လက်မခံရင်လည်း ကိုယ်မင်းကိုစောင့်မယ်
မင်းလေးက သိနိုင်ပါ့မလား ကိုယ့်ရဲ့ စိတ်ကူးတွေ
ကြားရလား ကိုယ့်အချစ်ဆုံး ကြားရလား ကိုယ့်ရဲ့ သီချင်း
ဟေ့ အချစ် ချစ်ရင် ဟန်ဆောင်မထားနဲ့ 
ဟေ့ အချစ် မင်းဆီအတွေးနဲ့ ဟစ်အော်ပြောလိုက်မယ်
ဟေ့အချစ် မင်းရဲ့ အနားထိ ရောက်မယ်ထင်မိတယ်
ဘယ်တော့များ ဘယ်တော့မှများ ကိုယ်တို့ နှစ်ယောက် ချစ်နိုင်မယ်

အချစ်သိရဲ့ လား


ရေး – စောခူဆဲ
ဆို  - ဇော်ပိုင်၊ ချောစုခင်
အချစ်ရေ အသည်းထဲစွဲပြီ
အသံလေးကြားရုံနဲ့ ရင်မှာလှိုက်လှိုက် လှိုက်လာတယ် အချစ်ရယ်
စကားလေးပောတဲ့အခါ ချွဲနွဲ့ မပောပါနဲ့ 
အချစ်ရေ မတွေ့ ဖစ်ကြရင်
မေ့ထားလိုက်မှာလား ရင်မှာစိုး စိုးရိမ်တယ် အချစ်ရယ်
ဖုန်းလေးဆက်လိုက်ပါ လွမ်းလွန်းလို့ ပါကွာ
[(လွမ်းနေရတယ်)သိလား]
(လွမ်းနေရတယ်)ချစ်သိရဲ့ လား
အချစ်ရေ မတွေ့ ဖစ်ကြရင်
အိပ်မက်ကလေးတွေထဲ အလည်လာခဲ့ ဘယ်သူမှ မမင်အောင်လို့ ကွယ်
ဖည်းဖည်းလေးနမ်းမယ် ရှက်လို့ မသွားပါနဲ့ 
အချစ်ရေ နှလုံးသားထဲမှာ
တစ်ယောက်တည်းထားပါနော် မညာပါနဲ့ 
အသည်းလေးကြွေမှာစိုးတယ် သိပ်ချစ်လွန်းလို့ ပါ
အချစ်လေးရဲ့ ယုံပါ

ချစ်တတ်လာပြီ


ရေး – မင်းချစ်သူ
ဆို – ဇော်ပိုင်၊ အယ်လ်ဆိုင်းဇီ
ရင်ခုန်သံ အနှေးဆုံးနှုန်းနဲ့ 
အဖေါ်မဲ့ မိုးကောင်းကင်အောက်မှာ
ကိုယ်မင်းကိုမတွေ့ ခင် မချစ်တာကြာပြီ
ဟိုအရင်မကြုံဖူးလို့ ထူးဆန်း
ရင်မှာချုပ်ထိန်းမရစွဲလမ်း
အိုသူနဲ့ တွေ့ မှ ချစ်တတ်လာပြီ
ဖန်ဆင်းမရတဲ့အရာ အိုဖျက်ဆီးလို့ မရဘူးပေါ့
ဒါဟာအချစ်စစ်ပေါ့ ရင်ခုန်နေမိပြီ
စိုပြေတဲ့ အပြုံးလေး မတွေ့ မီ
ငြိမ်သက်ဆဲ အသည်းနှလုံးလေးသည်
အို သူနဲ့ တွေ့ မှ ချစ်တတ်လာပြီ

မင်း


ရေး – ရယ်ဂျီ
ဆို – ထူးအယ်လင်း၊ မီးမီးခဲ
ကမ္ဘာလောကကြီးတစ်ခု ရပ်တန့် သွားသလိုပဲ
ငါထင်တယ် မင်းနဲ့ ဆုံတိုင်းလေ
အကြည့်တွေ ရင်ဖိုလှိုက်မောလို့ နေ
သာယာတဲ့ မင်းရဲ့ ရယ်သံလေး ရင်ခွင်ထဲအထပ်ထပ်ကြားယောင်ရင်းနဲ့ 
အသက်ထက်ဆုံးပေါ့ အနားမှာ အမြဲရှိချင်တယ်
ရင်ခွင်ထဲ အထပ်ထပ်ကြားယောင်ရင်းနဲ့ 
မငြိုငင်ဘူး အဆိုးများတွေ့ ပါစေ
ဘဝကို အတူခရီးဆက်မယ်
မင်း နင်ဟာငါ့ဘဝရဲ့ ကောင်းကင်ပဲ
မှောင်မိုက်သောညမှာ ငါ့အတွက် ငွေလမင်းငယ်
မင်း ဘယ်အရာမှ အစားထိုးမရနိုင်ဘူး
အခိုင်မာဆုံး ဘဝရဲ့ ကျောက်ဆောင်မင်းပဲ
ငါ ခိုလှုံရာဟာလည်း မင်းပဲ
ယုံကြည်သေချာတယ် ငါ့ရဲ့ ဘဝဟာမင်းပဲ
မင်း… နင်ဟာငါ့ဘဝရဲ့ ဆုလာဘ်ပဲ
ရင်ဆိုင်တိုက်ခိုက်မယ် မင်းကစုံလင်ခင်းပဲ
မင်း… ဘယ်အရာမှ ပောင်းလဲမပစ်နိုင်ဘူး
အမျှော်လင့်ဆုံး ငါ့ဘဝအဓိပ္ပာယ်မင်းပဲ
ငါ ယုံကြည်ရာလည်း မင်းပဲ

တွဲလက်များ


ရေး – မီးမီးခဲ
ဆို – ထူးအယ်လင်း၊ မီးမီးခဲ
ဘဝအချိန်ခဏလေး ရှင်သန်ခွင့်ရ တို့ ဘဝတစ်သက်တာ
အပေါင်းအသင်းတွေကြား အမြဲတမ်း ဒို့ ဟာကြင်နာစွာ
မင်းလိုအပ်တိုင်း လိုအပ်တိုင်းပေါ့
မင်းအနားရှိမှာ
ငင်းရက်ခဲ့ဘူး ပေးဆပ်ရင်းမှာ ပျော်ရွှင်ရင်းသာ
အားငယ်ချိန်တိုင်းအနားမှာ အစဉ်အားပေးခဲ့တာ
မင်းရဲ့ အပြုံးတွေပဲ မမေ့နိုင်ခဲ့ဘူးလေ
ဒီအပြုံးလေးများနဲ့ ဒို့ ဘဝကို ဖန်တီးဆေးခယ်
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလဲ
အဆိုးဆုံးကြုံလဲ
အကောင်းဆုံးနေ့ များ မျှဝေလို့ ဒို့ ခံစားကြမယ်
ယုံကြည်ထားတယ်
ခိုင်မာသော တွဲလက်များရယ်